ဒီအချိန်တွေဆို
မင်းလည်းသတိများရနေမလားလို့
မဝင့်မရဲအတွေးလေးနဲ့
မျှော်လင့်နေတယ်......
ကောင်မလေးရေ......
အခု...အပြင်မှာ
မိုးတွေအရမ်းသည်းနေတယ်
ဘာမှမဆိုင်ရင်လည်း
မင်းကိုသတိရတယ်ဆိုတာထက်
ပိုသတိရနေတယ်........
ငါ့မျက်ဝန်းမှာ
မင်းမျက်နှာနဲ့မင်းပုံရိပ်
အလွမ်းတွေက သိပ်သိပ်သည်းသည်း
ဒီမိုးကလည်း....ငါ့တစ်ယောက်ထဲအတွက်
“ကွက်” သည်းပေးနေသလားကွယ်....
တွေ့နေမြင်နေကြပါပဲ
ဘာအကြောင်းပြချက်မှမရှိလည်း
မင်းကိုလွမ်းတယ်........
No comments:
Post a Comment