Thursday, February 17, 2011

“တိုင်တည်အလွမ်း”

စစ်မြေပြင်ရှေ့ တန်းက
ရတုဘုရင် နတ်ရှင်နောင်လို
ရတုစာဆိုတွေနဲ့  ဖွဲ့ နွဲ့ လိုမမှီနိုင်ပေမဲ့ လည်း
ဘဝနေပူကြဲကြဲကိုရင်ဆိုင်ဖြတ်သန်း
ကို.လည်းလေ
ကို့.ချစ်သူကို
တမ်းတလွမ်းရတဲ့ စိတ်ကတော့
နတ်ရှင်နောင်ထက် ပိုပါတယ်ချစ်သူရယ်..


လေလိုင်းထဲမှာတွေ့ ဆုံခဲ့ကြတဲ့ 
လေလိုင်းထဲကမျက်နှာ
လေလိုင်းထဲကအသံဆိုပေမဲ့ 
ချစ်သူ့ ရဲမျက်နှာ
ချစ်သူရဲ့ ချိုသာတဲ့  အသံလေးတွေက
ကို့.ဘဝတိုတ်ပွဲအတွက်ခွန်းအားတစ်ခုပါ


ထပ်တူညီမျှခြင်းဆိုတဲ့ စကားလုံးထက်
သာလွန်တဲ့ သစ္စာဝေါဟာရတစ်ခုမှာ
အတူတူပျော်ဝင်စီးဆင်းရင်း
ချစ်သူက ကို့.ကိုလွမ်းနေတဲ့ အချိန်မှာ
ကို..ကလဲချစ်သူကိုလွမ်းတယ်ဆိုတာထက်ပိုတဲ့ 
တမ်းတလွမ်းစွတ်မှု့တွေ ရင်နဲ့ အပြည့်
ဖြစ်တည်နေတယ်ဆိုတာကို ချစ်သူသိမြင်နိုင်ပါစေသား


အချစ်ဆိုတာထက်လေးနက်တဲ့ 
မြတ်နိုးကြင်နာမှု့တွေ
ဖိတ်လျှံ တောက်ပနေမဲ့ 
ကို..တို့ နှစ်ယောက်ရဲ့ 
အနာဂတ်နေ့ လေးတစ်နေ့ ရောက်ရှိလာဖို့ 
ဝေးကွာခြင်းတွေကဘယ်လိုတားဆီးထားကြလဲ
ကျောခိုင်းထားခြင်းမျိုးမဟုက်တဲ့ 
ကို..တို့ နှစ်ယောက်ရဲ့ 
ခြေလှမ်းတွေနဲ့ အတူ
မျက်နှာချင်းဆိုင်ပေါင်းစပ် ထာဝရသာယာနိုင်တဲ့ 
အနာဂတ်တစ်ခုဆီသို့ စတင်
လျှောက်လှမ်းကြရအောင်နော်..။။။။။။။။။။။။။။။။။

No comments:

Post a Comment