Thursday, February 17, 2011

“တစ်ချို့ တစ်ချို့ သော သားဆိုး မီးဆိုးများအတွက်”







ဒီပုံလေးကိုမြင်ပြီးတော့စိတ်မကောင်းကြီးစွာနဲ့ ဒီကဗျာကိုရေးဖြစ်မိသွားတယ်.
သားဆိုးသမီးဆိုးများအားလုံးအမေ့ဘဝ
အမေ့.မေတ္တာကို မြင်နိုင် သိနိုင် ကြားနိုင် နားလည်နိုင်ကြပါစေ.



တကယ်တော့
ဒါဟာ တဆင့်စကားနဲ့ ကြားခဲ့ ရတဲ့ ခြေသံပါ
အမှာင်စင်စစ် ခပ်ပစ်ပစ်ညတွေထဲမှာ
အမှန်ကိုရှာနေသူများ မှားနေပြန်သတဲ့ ...
ကျွန်တော့်ဘဝတစ်စိတ်ကို
ရေတစ်ပိဿလောက်ရောပစ်လိုက်ခြင်တယ်...

(ဘဝတွေ..က...ပြင်းလွန်းလို့ပါ)

ဘယ်သူတွေသိလိုက်သလဲ
ရှိစုမဲ့စုဆန္ဒလေးတွေ
ဟောဒီလမ်းမတွေထက်
အကြိမ်ကြိမ်ကျပျောက်ကွဲရှခဲ့ဖူးတာကိုပေါ့ 

လူတစ်ယောက်ရဲ့ ယိုင်နဲ့နဲ့မျှော်လင့်ချက်ကို
ပရ...ရောဂါပေါင်းစုံနဲ့  လေတစ်ခြမ်းဖြတ်ခံလိုက်ရသလိုမျိုး

တစ်ခါတုန်းကအနိုင်းမဲ့ ခဲ့ တဲ့ 
ဦးယာဉ်မှူးတစ်ယောက်
အဲ့ဒီ တံတားလေးပေါ်မှာ
ကမ္ဘာတစ်ခြမ်းက သူ့အတွက်ထာဝရမှောင်ခဲ့ရပြန်တယ်...

ဒါဟာ ကံတရားမဟုတ်ဘူး
ဒါဟာ လောကဓံမဟုတ်ဘူး

အသိရှိနေပေ့မယ့် ကြေးစည်သံမကြားနိုင်တဲ့ဘဝ
အရေတွန့်နေတာတောင် ထမင်းတစ်လုတ်ကခက်ခဲ လွန်းလှတယ်
တချို့ တချို့ သောအမေတွေအတွက်
ဒီလိုအဖြစ်ဆိုးမျိုး ဒီလိုဘဝဆိုးမျိုးတွေကို
တချို့ တချို့ အမေကို မေ့လျှော့နေကြသော
သားဆိုးသမီးဆိုးတွေသိဖို့ ကောင်းတယ်....

No comments:

Post a Comment