Thursday, February 17, 2011

“တိုင်တည်အလွမ်း”

စစ်မြေပြင်ရှေ့ တန်းက
ရတုဘုရင် နတ်ရှင်နောင်လို
ရတုစာဆိုတွေနဲ့  ဖွဲ့ နွဲ့ လိုမမှီနိုင်ပေမဲ့ လည်း
ဘဝနေပူကြဲကြဲကိုရင်ဆိုင်ဖြတ်သန်း
ကို.လည်းလေ
ကို့.ချစ်သူကို
တမ်းတလွမ်းရတဲ့ စိတ်ကတော့
နတ်ရှင်နောင်ထက် ပိုပါတယ်ချစ်သူရယ်..


လေလိုင်းထဲမှာတွေ့ ဆုံခဲ့ကြတဲ့ 
လေလိုင်းထဲကမျက်နှာ
လေလိုင်းထဲကအသံဆိုပေမဲ့ 
ချစ်သူ့ ရဲမျက်နှာ
ချစ်သူရဲ့ ချိုသာတဲ့  အသံလေးတွေက
ကို့.ဘဝတိုတ်ပွဲအတွက်ခွန်းအားတစ်ခုပါ


ထပ်တူညီမျှခြင်းဆိုတဲ့ စကားလုံးထက်
သာလွန်တဲ့ သစ္စာဝေါဟာရတစ်ခုမှာ
အတူတူပျော်ဝင်စီးဆင်းရင်း
ချစ်သူက ကို့.ကိုလွမ်းနေတဲ့ အချိန်မှာ
ကို..ကလဲချစ်သူကိုလွမ်းတယ်ဆိုတာထက်ပိုတဲ့ 
တမ်းတလွမ်းစွတ်မှု့တွေ ရင်နဲ့ အပြည့်
ဖြစ်တည်နေတယ်ဆိုတာကို ချစ်သူသိမြင်နိုင်ပါစေသား


အချစ်ဆိုတာထက်လေးနက်တဲ့ 
မြတ်နိုးကြင်နာမှု့တွေ
ဖိတ်လျှံ တောက်ပနေမဲ့ 
ကို..တို့ နှစ်ယောက်ရဲ့ 
အနာဂတ်နေ့ လေးတစ်နေ့ ရောက်ရှိလာဖို့ 
ဝေးကွာခြင်းတွေကဘယ်လိုတားဆီးထားကြလဲ
ကျောခိုင်းထားခြင်းမျိုးမဟုက်တဲ့ 
ကို..တို့ နှစ်ယောက်ရဲ့ 
ခြေလှမ်းတွေနဲ့ အတူ
မျက်နှာချင်းဆိုင်ပေါင်းစပ် ထာဝရသာယာနိုင်တဲ့ 
အနာဂတ်တစ်ခုဆီသို့ စတင်
လျှောက်လှမ်းကြရအောင်နော်..။။။။။။။။။။။။။။။။။

“မျှော်လင့်ခြင်းမနက်ဖြန်”

ငါ့ကိုစိုရွှဲသွားစေတာ
မိုးရေတွေလား....
မျက်ရည်တွေလား.....
ငါသိနေခဲ့တယ်
မိုးနဲ့ရောတဲ့မျက်ရည်တွေပါ...

အရင်ကဆို...
ငါကနှလုံးသားမဲ့ ခံစားချက်မဲ့
အရာရာကိုလွမ်းဖို့ 
မေ့လျော့နေသူတစ်ယောက်ပေါ့

အခုတော့.....
ကြမ်းတမ်းတဲ့ ငါ့ဘဝတစ်ဆစ်ချိုးမှာ
အမှတ်တမဲ့ တွေ့ ဆုံခဲ့တဲ့မင်းကြောင့်
ငါလွမ်းတတ်နေပြီး ကောင်မလေးရယ်

ပြန်လာမယ်ဆိုတဲ.စကားတစ်ခွန်းနဲ့
အလွမ်းတွေကိုရေတွက်
ငါနဲ့မင်းရဲ့မနက်ဖြန်တွေအတွက်
ဒီနေ့ကိုအားတင်းနေမိတုန်းပဲ...

အနာဂတ်ကို ကြိုမမြင်နိုင်ဘူး ပြောလည်း
တိုးတိုးလေး ပြောမယ်
မနက်ဖြန်တွေများစွာထိ
ငါမင်းကို ချစ်တယ်.....

“နင်သိထားပါ”

ကောင်မလေးရေ............
ဒဏ်ရာတွေနဲ့ထားရစ်ခဲ့မယ်ဆိုတောင်
ကျေနပ်စွာခံယူ...
ငါမမှုပါဘူးကောင်မလေးရယ်.

ပိုင်ဆိုင်ခွင့်က ငါ့အတွက်မဟုတ်လည်း
နင်နဲ့ဆုံစည်းခဲ့ရတဲ့အတွက်
ငါဘယ်တော့မှ နောင်တရမှာမဟုတ်ပါဘူး

နားလည်မှုတွေ ချိတ်ဆက်ထားတဲ့
သံယောဇဉ် ရထားတွဲ
အချစ်တွေနဲ့ မြဲစေပေါ့ ....

အတိတ်ကိုပြန်ကြည့်လို့ 
တမ်းတရင်းငါမငိုချင်တော့ဘူး
အနာဂတ်ကိုမှန်းဆဖို့ 
သတ္တိတွေလိုနေသေးတယ်

အတိတ်ဆိုတာ
ငါ့နဲ့အသက်ဆိုင်တဲ့
ကောက်ကြောင်းတစ်ခု.
သံသယဆိုတာ
ငါအတွက်
ဘယ်တော့မှမသုံးတဲ့ ဆေးတစ်စက်.
ငါတို့နှစ်ယောက်ရဲ့ ကံကြမ္မာ
နှလုံးသားနဲ့ ပုံဖော်ချင်တယ် ကောင်မလေးရယ်

ဖန်တီးခဲ့တဲ့အချစ်စစ်တစ်ခုမပျက်အောင်ထိန်းလို့
ငါတို့ပြန်ကာတွေ့မယ်အချိန်မှာ
ဆံပင်တွေဖြူနေလည်း
ချစ်ကြမယ်။။။။။။။။။။။။။

“တိတ်တိတ်လေးပဲ ကောင်း၏”

ငါ့ချစ်ခြင်းကို မင်းငြင်းပယ်ပြီးနောက်မှာ
ဒဏ်ရာပေါင်းမြောက်မြားစွာနဲ့ 
ငိုကြွေးနေတဲ့ ငါ့နှလုံးသားကို
ဆွေးသီချင်းတစ်ပုဒ်နဲ့ 
ချော့ရအုံးမယ်...

ပြင်းရှခါးသီးတဲ့ နီညိုရောင်အရည်တစ်ခွက်နဲ့ 
နှလုံးသားကိုချော့သိပ်
မျက်စိနှစ်လုံးကို စုံမှိတ်လိုက်တဲ့ခဏတာမှာ
ငါ့ရင်ထဲ နေတစ်စင်းအရည်ပျော်သွားသလို...

သူ့ကိုစတွေ့ကတည်းက
သဘောကျခဲ့တဲ့ငါ
မလှမ်းမကမ်းမှာ ရုတ်တရက်
လှမ်းလှမ်းတွေ့လိုက်ရရင်
ငါငေးငေးမိသွားတယ်။

လျှောက်ခဲ့ကြတဲ့လမ်းက တူပေမယ့်
ဦးတည်ရာခရီးက တစ်ခြားဆီလေ
သူ့ဘက်က လှည့်ကြည့်ခဲ့ရင်တောင်
သူလှည့်ကြည့်တာကို သိနိုင်ဖို့
ငါ ရပ်ပြီး ငေးမနေချင်တော့ဘူး။

အဝေးက မြင်နေရရုံ
စိတ်ထဲက တွေးနေရရုံနဲ့
ငါ့နှလုံးသားကို ဖြေသိမ့်ရင်း
တိတ်တိတ်လေး ဆွေးနေပါတော့မယ်။

“ချစ်တယ်”

ဘယ်
သူ
တွေ
က
နင့်
ကို
ချဉ်
ချဉ်
တူး
တူး
ငါ
က
တော့
ရှုး
လောက်
အောင်
ချစ်
တယ်

“နားလည်ပါစေ”

အလွမ်းဆိုတာ
အမည် တပ်ရခက်တဲ့
ရောဂါဆန်း တစ်မျိုးပဲလား
အမှားဆိုတာကို သိနေရဲ့ သားနဲ့
အကြိမ်ကြိမ် ကျူးလွန်မိခဲ့တဲ့
ငါမပေးနိုင်သော နားလည်မှုတွေနဲ့
နင့်ရဲ့  ဥပေက္ခာတရားတွေ
အခုတော့လည်း
ဟိုး............အဝေးကြီးမှာကျန်ခဲ့ပြီလေ
တစ်ခါတလေ ဆိုတာထက်
တိုက်ဆိုင်မှုတွေ ရှိလာတိုင်းမှာ
သတိရတတ်တာတွေက
ကိုယ်ပိုင်အမှူအကျင့် တစ်ခုလို
အခုဆို ပြင်မရတော့ဘူး
နင်သိပါ့မလား.....
အနားမှာရှိနေမှ မဟုတ်ပါဘူး
အချစ်ဆိုတာ.....
ပိုင်ဆိုင်ခွင့်တွေနဲ့ ကန့်သတ်ထားတဲ့
ဒြပ်ဝတ္ထုတစ်ခု မဟုတ်ဘဲ
အဝေးရပ်က ပေးဆပ်ခွင့်တွေနဲ့တင်
လုံလောက်တယ် ဆိုတာ...............

“ဝမ်းရေးထက် လွမ်းရေးခက်”

ဘာထူးဆန်းလို့လည်း
တွေ့ဆုံကြုံကွဲ
ကြေ....ကွဲရတယ်ဆိုတာလည်း
ခပ်ပေါ့ပေါ့ပြဇာတ်တစ်ပုဒ်လို
မဲပြာညစ်ထေး
လူတိုင်းအတွက်ရေလဲပုဆိုးတစ်ကွင်းပါပဲတဲ့ 

တကယ်ဆို
အချစ်ကလည်း သူ့ဟာသူနေပြီး
ကျွန်တော်ကလဲ ကျွန်တော်ဖာသာကျွန်တော်နေခဲ့ရင်အကောင်းသား

အခုတော့
ဝမ်းရေးထက်လွမ်းရေးခက်
သူများတွေလွမ်းတယ်ဆိုတာထက်ကိုပိုပြီး
လွမ်း....လွမ်းတတ်နေပြီ

ကောင်မလေးရေ....

အမှတ်တရတွေအများကြီးပါ
ဒါပေ့မယ့်
တစ်ချို့ အမှတ်တမဲ့လေးတွေအတွက်
ငါ...
နင့်...
ကို...
လွမ်း...
တယ်

“ဝေးလွင့်သွားတဲ့ လရောင်ချို”

ဘယ်ကဗျာကမှစာဖွဲ့ လို့ မှီမယ်မထင်ဘူး
ကောင်မလေးရေ.....
ဒီနွေပြာဦးမှာနင့်ကိုရူးလောက်အောင်လွမ်းတယ်
အသိစိတ်ကသတိရခြင်းကိုချိုးနှိမ်ထားတာတောင်
မသိစိတ်ရဲ့အတ္တက မီးထတောက်တော့
........ဒီမှာ.......
ငါ့ကိုငါနံရံတွေဆီပစ်ပေါက်
ငါလည်းခဏခဏ ပြာကြခဲ့ ရပေါ့ 
ဘယ်လောက်ပဲရင့်ရင့်ကျုးကျုး
ဒီထက်တော့ ပိုမထူးတော့ပါဘူးတဲ့ 
အလင်းစက်တွေမှုန်တီမှုန်ဝါးနဲ့ 
ဘဝခါးခဲ့တယ်ဆိုပေ့မယ့်
အဲ့ဒီခပ်ခါးခါးဘဝထဲမှာ
ကောင်မလေးရေ ..မင်းကြောင့်
ခဏတော့လသာခဲ့ ဖူးတယ်..

မင်းကြောင့်..
ခ...ဏ...တော့...လ...သာ...ခဲ့...ဖူး...တယ်...

“ရင်ကွဲတဲ့....နွေ”

နွေအစနွေအဆုံးလေးပါပဲကွယ်
ဒီနွေဦးမှာစခဲ့ ပြီးတော့

ဒီနွေဦးလေးမှာပဲအဆုံးသတ်ဖို့ အတွက်

ငါတို့ နှလုံးသားတွေ
မှုန်ရီဖျော့အေး....
ချစ်သူရယ်...


တို့ .
တွေ..
တစ်...
သက်...
စာ......
ဝေး......
ကြရတော့မှာပေါ့ နော်....

“ဝေး”

တစ်ယောက်ကိုတစ်ယောက်က
ငဲ့ ညှာနေရင်းပဲ တဖြေးဖြေးနဲ့ 
ငါတို့ နှစ်ယောက်လုံး
ပိုနာကျင်လာရတော့မယ်
ချစ်သူရယ်....
တကယ်တမ်းတော့လဲ
အချစ်ဆိုတာငါတို့ နှစ်ယောက်အတွက်
ဘီလူးကြမ်းတွေစီးမိုးထားတဲ့ အိမ်မက်အလကာင်္
ခပ်ဆိုးဆိုးတစ်ပုဒ်ပါပဲ

တစ်ခါတလေ တမင်တကာမေ့ထားတဲ့ ပုံစံမျိုးနဲ့ 
ခွဲခွာခြင်းတရားကို ငါတို့ 
ဆက်မေ့ထားနိုင်ရင်အရမ်းကောင်းမှာပဲကွယ်
ငါတို့ နှစ်ယောက် အစကတည်းက
ခပ်စောစောလေး
ဆုံတွေ့ခဲ့ကြရင်ကောင်းသားနော်
ဒါမှမဟုတ်...
ငါတို့ နှစ်ယောက် အစကတည်းက
မဆုံတွေ့ခဲ့ကြရင်လဲအကောင်းသား

ကဗျာဆရာတာရာမင်းဝေရဲ့ 
ကဗျာထဲမှာတော့ပန်းတွေခူးရင်း
သူငယ်ချင်းတွေနဲ့ စကားပြောရင်း
နင်ငါ့ကိုမေ့သွားမှာပါတဲ့ 

ကောင်မလေးရေ...
ပန်းတွေခူးရင်းနဲ့ 
သူငယ်ချင်းတွေနဲ့ စကားပြောရင်းနဲ့ 
တစ်ခါတလေငါပို့ ထားတဲ့ 
ငါ့ ကဗျာလေးတွေကိုဖတ်ရင်းနဲ့ ပဲ
နင်ငါ့ကိုမေ့သွားနိုင်ပါစေသားကွယ်

ချစ်သူရေ....
ဝမ်းနည်းမနေပါနဲ့ ကွယ်
ခွဲခွာခြင်းဆိုတာလဲလူတိုင်းအတွက်
မတောင်းပဲ ပြည့်တဲ့ ဆုတစ်ခုကွဲ့...

အေးလေ....
အဲ့ဒီနောက်မှတော့ ငါကိုယ်တိုင်ချီနှောင်ထားတဲ့ 
အပြာရောင်ကြိုးလေးတစ်စကို ငါကိုယ်တိုင်လူမသိအောင်
တိုးတိုးတိတ်တိတ်နဲ့ ပြန်ဖြတ်တောက်လိုက်ပါ့ မယ်
အားလုံးပြီးဆုံးသွားပါပြီ
အရာအားလုံးဟာပြီးဆုံးသွားပါပြီးကွယ်
ဒါပေမယ့်
ငါတစ်ယောက်ထဲတိုးတိုးတိတ်တိတ်နဲ့ 
ဒါ.......ပေ.....မယ့်
ငါ....
တစ်....
ယောက်........ထဲ........တိုး....တိုး....တိတ်....တိတ်......နဲ့.....

“14 ဖေဖော်ဝါရီ လမ်းခွဲ”

ဖေဖော်ဝါရီလမ်းခွဲ...........

အဲ့ဒီညကပေါ့
တနင်္ဂနွေရဲ့ အသဲကွဲနှင်းဆီတွေလည်း
လှိုင်နေအောင်ပွင့်နေသေးရဲ့...
မာန်ဟုန်ထစ်ချုန်း
ငါ့ရင်ဘတ်ကောင်းကင်မှာလည်း
လှိုင်းတွေတစ်ဝုန်းဝုန်းနဲ့ ပေါ့

တကယ်ပါ
အဲ့ဒီညက လမသာခဲ့ဘူး

တကယ်တမ်းတော့
အဲ့ဒီညက မိုးလည်းမရွာခဲ့ပါဘူး..

ဒါပေမယ့် အဲ့ဒီညက
စာရွက်ဖြူပြာတစ်ချို့ 
စွယ်တော်ရွှက်တစ်ချို့ 
နေ့စွဲတစ်ချို့ နဲ့ အတူ
ကျွန်တော့်နှလုံးသားလေးပါသေဆုံး
အ....ရာ....ရာ....အား....လုံး....
ပျက်....သုန်း....ခဲ့....ရတယ်..

“အဖြူထည် အချစ်”

တကယ်တမ်းတော့ အချစ်ဆိုတာ
ဟိုး...ကမ္ဘာဦးကတည်းက
ကျွန်တော် ကျပျောက်ခဲ့တဲ့
ကဗျာလေးတစ်ပုဒ်ပါ ။ ။


အဲ့ဒီကဗျာလေးထဲမှာ..
ကျွန်တော့်ရဲ့ ထာဝရ..
ဖဲကြိုးပြာလေး တစ်စရှိနေလေရဲ့။ ။


တစ်ဦးတည်းသော..
ငါရဲ့ အပြာရောင် ဖဲကြိုးပြာလေးရယ်..
ပန်းနဲ့ဆက်ထားတဲ့
နင့်လက်ဖဝါးမို့မို့လေးတွေပေါ်မှာလဲ..
ငါရဲ့ နှင်းကွဲရာသီတွေ..
အကြိမ်ကြိမ်ကျကွဲ ရိတ်သိမ်းခံခဲ့ရပေါ့ ။ ။


အဲ့ဒီလိုနဲ့ပဲ.....
ငါ့ရဲ့ ဖဲကြိုးပြာလေးရယ်..
ယုံကြည်လိုက်စမ်းပါတော့ကွယ် ။ ။


သက္ကရဇ်တွေခြစား ဟော့ဒီကမ္ဘာရဲ့
နောက်ဆုံးတစ်နေ့ တိုင်သည်ထိ..
နင့်ဆီကတုန့်ပြန်မှု့ ...
ဘာတစ်ခုမှမတောင်းဆိုပဲနဲ့ 
နင့်ကိုငါ...
အရမ်းမြတ်နိုးပါတယ်...

..........ငါချစ်သော..........

..............ဖဲကြိုးအပြာလေးရယ်............

“HaPpY BiRtHdAy ပါ ချစ်သူ”

ဒီနေ့ ချစ်သူမွေးနေ့ တဲ့ 
Happy Birthday ပါချစ်သူ
ကျွန်တော်ရဲ့ပထမဆုံးကြုံဆုံလာတဲ့ 
ချစ်သူရဲ့၂၁ နှစ်ပြည့်မွေးနေ့ မှာ
ချစ်သူအတွက်
တစ်ခုတည်းသောလက်ဆောင်အဖြစ်
ထာဝရရှင်သန်နေမယ့်ကျွန်တော့်ရင်ထဲက
မြတ်နိုးခြင်းလက်ဆောင်လေးကိုပဲပေးပါရစေနော် ။ ။

ပြီးတော့

ချစ်သူရဲ့ မွေးနေ့ မှာသန့် သန့် ရှင်းရှင်းလေးနဲ့ 
အေးချမ်းနေမယ့် ချစ်သူအလှလေးပိုပြည့်စုံသွားအောင်
ချစ်သူရဲ့ မဟူရာဆံကေသာမှာပန်ဆင်ဖို့ 
ဧဒင်ဦးယဉ်ကဖြူစွတ်နေတဲ့ မြတ်နိုးခြင်းသင်္ကေတ
ဧဒင်ပန်းတွေကိုကျွန်တော်သွားခူးရဦးမယ်
ချစ်သူရေ...ဒီမွေးနေ့ မှစ၍
နောင်စိန်ရတုပေါင်းများတိုင်ပျော်ရွှင်ပါစေကွယ်
ချစ်သူနဲ့ အတူလူသားအာလုံးလည်း ပျော်ရွှင်ပါစေကွယ်။ ။

နတ်သမီးလေးရေ ဒီနေ့ဒီအချိန်မှစ၍
မင်္ဂလာရှိသောနေ့ လေးဖြစ်ပါစေ
မင်္ဂလာရှိသောအချိန်တွေကိုထာဝရပိုင်ဆိုင်ပါစေ
အဲ့ဒီနောက် ဆက်၍ ဆက်၍
နောင်နှစ်ပေါင်းများစွာတိုင်
ရတုပေါင်းများစွာတိုင်လည်း ပျော်ရွှင်ချမ်းမြေ့ပါစေသားကွယ်။ ။

“တမ်းတချစ်သူ့ရင်ခွင်”









ချစ်သူ...

နေ့ရက်အချိန်တွေရယ်
ချစ်သူမရှိတော့လည်း
ကိုယ်တစ်ယောက်ထဲပဲမို့
ရှည်ကြာလွန်းလိုက်တာကွယ်.......
အချစ်စစ်တွေဖြစ်လျက်
လန်းဆန်းခြင်းတွေပျက်သုန်း
ငါတို့နှစ်ယောက်ဘဝ
တစ်ယောက်တစ်နေရာဆီ
အထီးကျန်လွန်းလှတယ်......
အမြဲတမ်းဒီလိုမျိုး
လေလှိုင်းလေးထဲမှာပဲ
ဆုံတွေ့နေရမှာလား.....
ရာသီစက်ဝန်းထဲမှာ
တမ်းတမှု့များစွာနဲ့
မင်းရဲ့ရင်ခွင်ဆီသို့
အရောက်လှမ်းလာခဲ့မယ်.......
......။။။။။။။။။.............

ကျွန်တော့် ချစ်သူရဲ့ မေတ္တာစာ....:P

မကြာမီရောက်လာတော့မယ့် ချစ်သူမွေးနေ့လေးအတွက် အဦးဆုံးတောင်းဆုပြုချင်တယ်.....
မျှော်လင့်ခြင်း ရောင်နီအောက်
ပျော်ရွှင်ခြင်း ဆန္ဒတွေရယ်
မကြာခင်ရောက်လာတော့မယ့်
ချစ်သူရဲ့ ( ၂၂ ) နှစ်မြောက်မွေးနေ့ရက်မြတ်လေးမှစရွေ့
ကြိမ်ဖန်များစွာကြုံတွေ့ပါစေလို့
ချစ်သူဆန္ဒအလိုကျ
ကြည်ဖြူစွာအမိန့်ယူမှတ်လို့
မငြူစူဖြည့်ဆည်းပေးချစ်တဲ့စိတ်နဲ့
တောင်းဆုပြုပါတယ်..... "
သတိရခြင်းတွေထုတ်ပိုးပြီး ကို့ ဆီအရောက်ပို့လိုက်တယ်....
အမှတ်မထင်ချစ်မိပင်မယ့်
နှလုံးသားမှာတစ်သက်စွဲထင်သွားတယ်
ချစ်စကတော့ အချစ်ကခပ်ပါးပါးလေး
ချစ်တာကြာလာတော့
မြတ်နိုးမှုနွယ်ပင်တွေ
နှလုံးသားမှာအထပ်ထပ်ရစ်ပတ်လို့နေပြီ.... ကို
ချစ်သူသက်တမ်း ( ၆ ) လပြည့်တဲ့ နေ့လေးမှစပြီး
နောင်နှစ်ပတ်လည်များစွာအထိ
ကို နဲ့မခွဲအတူတစ်သက်ကြည်ဖြူမယ်နော်....
ဖြစ်ခွင့်ရတဲ့လူ့ဘ၀လေးမှာ
အသက်ရှင်နေတုန်း
ကိုနဲ့ချစ်ခွင့်ရတာ
ဒီဘ၀ဒီမျှနဲ့တော့
အဆုံးမသတ်သေးပဲ
နောင်ကြိမ်ဖန်များစွာ ဘ၀ဘ၀တွေမှာ
ဒီထက် အစတစ်ရာမက ဆက်ချစ်ခွင့် ရပါရစေလို့
ကို့ အပေါ်ထားရှိတဲ့ အချစ်စစ်တွေနဲ့သစ္စာပြုရင်း
အခါခါတောင်းဆုခြွေနေမိတာလဲ
ကိုယ်စောင့်နတ်တောင်နားငြီး နေလောက်ပြီ.....
ဘယ်လိုအခက်အခဲအတားအဆီးတွေရှိနေပါစေ
ကို့ အပေါ်ထားရှိတဲ့အချစ်တွေ
ဘယ်အခါမှ မပျက်သုန်းပဲ
တစ်သက်လုံးချစ်နေမယ်....
တကယ်လို့
အတူလျှောက်လှမ်းရမယ့်အနာဂတ်လမ်းခရီးက ကြမ်းတမ်းနေမယ်ဆိုလဲ
ခိုင်မြဲတဲ့အချစ် မယိုင်နဲ့တဲ့မေတ္တာတွေနဲ့
ကို့ ရဲ့လက်ကို ခိုင်ခိုင်တွဲပြီး
အရာရာကိုရင်ဆိုင်ဖို့သတ္တိတွေ
ကို့ အချစ်နဲ့တည်ဆောက်ထားတယ် .........

“လွမ်းစိတ်”

ဒီအချိန်တွေဆို
မင်းလည်းသတိများရနေမလားလို့
မဝင့်မရဲအတွေးလေးနဲ့
မျှော်လင့်နေတယ်......

ကောင်မလေးရေ......
အခု...အပြင်မှာ
မိုးတွေအရမ်းသည်းနေတယ်
ဘာမှမဆိုင်ရင်လည်း
မင်းကိုသတိရတယ်ဆိုတာထက်
ပိုသတိရနေတယ်........

ငါ့မျက်ဝန်းမှာ
မင်းမျက်နှာနဲ့မင်းပုံရိပ်
အလွမ်းတွေက သိပ်သိပ်သည်းသည်း
ဒီမိုးကလည်း....ငါ့တစ်ယောက်ထဲအတွက်
“ကွက်” သည်းပေးနေသလားကွယ်....

တွေ့နေမြင်နေကြပါပဲ
ဘာအကြောင်းပြချက်မှမရှိလည်း
မင်းကိုလွမ်းတယ်........

“နိုးတစ်ဝက် ညရာသီ”

ပြန်ခဲ့မယ် ပြန်ခဲ့မယ်နဲ့
စိတ်ကူးတွေကို အတောင်တပ်ပြီး
ပြေးပြေးပြန်နေရတာ
ရာသီစက်ဝန်းတွေများခဲ့ပြီ.........

တွေ့ကြရင် ပြောမယ်ဆိုတဲ့
စကားလုံးတွေကို
အရောင်တောက်ဖို့ ဆေးဆိုးခဲ့ရတာ
နှုတ်ခမ်းတွေတောင်
အရောင်မဲ့လွန်းနေပြီ.......ိ

အိပ်စက်ခြင်းနဲ့ အိပ်မက်ခြင်းကြားမှာ
သေနေတဲ့ ညတွေမနည်းတော့ဘူး.......

ပါးလွင့်လွင့် ခန္ဓာထဲမှာ
စိတ်ကူးမှိန်မှိန်လေးတွေချိတ်ဆွဲပြီး
နောက်ထပ် ဘယ်နှညများသေဦးမလဲလို့
စောင့်ကြည့်တတ်ခဲ့တာဟာ
အလွမ်းဆိုရင်တော့......

ဒီကောင်လွမ်းတတ်ခဲ့တာ
ကြာပါပြီရောလား..........

“တစ်ချို့ တစ်ချို့ သော သားဆိုး မီးဆိုးများအတွက်”







ဒီပုံလေးကိုမြင်ပြီးတော့စိတ်မကောင်းကြီးစွာနဲ့ ဒီကဗျာကိုရေးဖြစ်မိသွားတယ်.
သားဆိုးသမီးဆိုးများအားလုံးအမေ့ဘဝ
အမေ့.မေတ္တာကို မြင်နိုင် သိနိုင် ကြားနိုင် နားလည်နိုင်ကြပါစေ.



တကယ်တော့
ဒါဟာ တဆင့်စကားနဲ့ ကြားခဲ့ ရတဲ့ ခြေသံပါ
အမှာင်စင်စစ် ခပ်ပစ်ပစ်ညတွေထဲမှာ
အမှန်ကိုရှာနေသူများ မှားနေပြန်သတဲ့ ...
ကျွန်တော့်ဘဝတစ်စိတ်ကို
ရေတစ်ပိဿလောက်ရောပစ်လိုက်ခြင်တယ်...

(ဘဝတွေ..က...ပြင်းလွန်းလို့ပါ)

ဘယ်သူတွေသိလိုက်သလဲ
ရှိစုမဲ့စုဆန္ဒလေးတွေ
ဟောဒီလမ်းမတွေထက်
အကြိမ်ကြိမ်ကျပျောက်ကွဲရှခဲ့ဖူးတာကိုပေါ့ 

လူတစ်ယောက်ရဲ့ ယိုင်နဲ့နဲ့မျှော်လင့်ချက်ကို
ပရ...ရောဂါပေါင်းစုံနဲ့  လေတစ်ခြမ်းဖြတ်ခံလိုက်ရသလိုမျိုး

တစ်ခါတုန်းကအနိုင်းမဲ့ ခဲ့ တဲ့ 
ဦးယာဉ်မှူးတစ်ယောက်
အဲ့ဒီ တံတားလေးပေါ်မှာ
ကမ္ဘာတစ်ခြမ်းက သူ့အတွက်ထာဝရမှောင်ခဲ့ရပြန်တယ်...

ဒါဟာ ကံတရားမဟုတ်ဘူး
ဒါဟာ လောကဓံမဟုတ်ဘူး

အသိရှိနေပေ့မယ့် ကြေးစည်သံမကြားနိုင်တဲ့ဘဝ
အရေတွန့်နေတာတောင် ထမင်းတစ်လုတ်ကခက်ခဲ လွန်းလှတယ်
တချို့ တချို့ သောအမေတွေအတွက်
ဒီလိုအဖြစ်ဆိုးမျိုး ဒီလိုဘဝဆိုးမျိုးတွေကို
တချို့ တချို့ အမေကို မေ့လျှော့နေကြသော
သားဆိုးသမီးဆိုးတွေသိဖို့ ကောင်းတယ်....

“မတောင်းပဲ ပြည့်နဲ့ဆု”

အာရုံတွေနူးညွတ်ခူးဆွတ်လို့
နေ့ရယ်...........
ညရယ်...........
ငါမရပ်မနားဖူးပွင့်ခဲ့ရတဲ့လမ်းကလေးရယ်
စိုနေတဲ့လက်ကလေးတွေ ခြောက်မသွားခင်လေး
မျက်နှာချင်းဆိုင်အပြုံးတွေ ရပ်လိုက်ပြီပေါ့။

မမျှော်လင့်ပဲ ဖြိုခွဲခံလိုက်ရတဲ့
အိမ်မက်များစွာတွက်
ဒီမှာတော့
မတောင်းပဲ ပြည့်တဲ့ဆုတွေက
အလွမ်းနဲ့ ထုဆစ်ခံလိုက်ရတဲ့ ပန်းပုရုပ်လိုဖြစ်ခဲ့ပြီ။

အမှတ်တရဆိုတာ အမှိုက်တွေမဟုတ်တော့
လွမ်းရတာပေါ့ ကောင်မလေးရယ်
“၃၁”ဘုံသားတွေလှဖို့တဲ့
ညမွှေးပန်းလေးလို မွှေးပျံ့ ပြီး ငိုခဲ့ရတာ
ဘယ်သူတွေသိလို့လည်း...။

ရင်ထဲကသစ္စာတရားတွေ မခမ်းသရွေ့
ပွင့်တဲ့ပန်းတွေ မွှေးဖို့
စိမ်းလန်းပါစေဆိုပြီး
ရင်ဘတ်နဲ့ကိုင်းကူးခဲ့တာ
ဘယ်သူတွေသိလို့လည်း..။

ဒီက ရုပ်သေးရုပ်မဟုတ်ပေမယ့်
နင်တစ်ယောက်တည်းရဲ့
သံယောဇဉ်ကြိုးတွေ ရှုပ်နေခဲ့ရတော့
တစ်ဘ၀လုံးစာ မိုးစုပ်စုပ်ချုပ်ခဲ့ပေါ့...။

ဒီလိုရာသီကြမ်းဟာ
နူးညံ့တဲ့ ပန်းတစ်ပွင့်နဲ့ မထိုက်တန်ပါဘူးကွယ်
ခွဲခွာခြင်းဆိုတာလည်း
မတောင်းပဲပြည့်တဲ့ဆုပါကောင်မလေးရယ်
ကိုယ့်အတ္တကိုပဲ
ကိုယ် ပြန်ပြန်မြိုချရင်း
ဝေးဝေးကပွင့်တဲ့ပန်းကို
ဝေးဝေးကပဲ လွမ်းခွင့်ရခဲ့သူမို့
ရှားရှားပါးပါးသံယောဇဉ်မလေးရယ်
ထားရစ်ခဲ့မယ်ဆိုရင်လည်း
နှုတ်ဆက်စကားလေးတော့
ကြား.........ပါ........ရ..........စေ...။

“ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ခြင်း”

အဆင်မပြေမှုတွေနဲ့ကြုံတွေ့တိုင်း ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်မိတယ် .........

လိုအပ်ချက်တွေ များစွာနဲ့ငါ
တစ်ခါတစ်လေ လူတွေနဲ့ အဆင်မပြေတဲ့ငါ

ဖြစ်ချင်တာတွေနဲ့ ဖြစ်လာတာတွေ
အမြဲ လွဲတတ်တဲ့ငါ

ရည်မှန်းချက်တွေများစွာအတွက်
အဆုံးမသတ်တတ်သေးတဲ့ငါ

တွေဝေမှုတွေ များစွာနဲ့
မဆုံးဖြတ်နိုင်သေးတဲ့ငါ

စိတ်ဓါတ်တွေ ပုံပုံကျ ပြန်ထဖို့
ခက်ခဲလှတဲ့အခါ.....
လိုအပ်ချက်တွေများစွာနဲ့
ငါ့ကိုယ်ငါ ပြန်သုံးသပ်ကြည့်မိတယ်....

ငါဟာ မှန်ကန်ဖြောင့်မတ်ဖို့၊
သစ္စာရှိဖို့ လိုအပ်တယ်

ငါ့ကိုယုံကြည်ကြသူများ
ငါ့ကိုအားကိုးနေသူများအတွက်
ငါဟာ ရိုးသားဖြောင့်မှန်ဖို့ လိုတယ်.။


ငါ့ကို တန်ဖိုးထားသူများ
ငါ့ကိုလေးစားကြသူများအတွက်
ငါဟာ ကြံ့ခိုင်ဖို့ လည်းလိုတယ်။


ကျေးဇူးရှင်မိဘနှစ်ပါးနဲ့
ငါ့ရဲ့ မဆုံးနိုင်သောရည်ရွယ်ချက်များအတွက်
ငါဟာ ရဲရင့်ဖို့လိုအပ်တယ်။


စွန့်စား စရာတွေ အများအပြားနဲ့
လောကဒဏ်အလှည့်အပြောင်းတွေအတွက်
ငါဟာ ရန်သူ မိတ်ဆွေမခွဲပဲ ပေါင်းသင်းဆက်ဆံဖို့လိုတယ်။


ငါ့ရဲ့ ရင့်ကျက်မှုတွေနဲ့
သည်းခံနိုင်မှု စွမ်းရည်တွေအတွက်
ငါဟာ ပေးဆပ်နိုင်ဖို့တော့လိုတယ်။

ရယူလိုမှုကင်းစွာနဲ့
စိတ်ဓာတ်ရင့်ကျက်မှုတွေအတွက်
ငါ့ကိုယ်ငါ နှိမ့်ချဖို့လည်းလိုတယ်။

အတ္တနဲ့ မာန်မာနတွေ
လျှော့ချနိုင်ဖို့အတွက်....

ငါဟာ မှန်ကန်ဖြောင့်မတ်လာတဲ့တစ်နေ့
ငါရဲ့စိတ်ဓာတ်တွေ ကြံ့ခိုင်လာတဲ့တစ်နေ့
ငါ ရင့်ကျက်တည်ငြိမ်လာတဲ့တစ်နေ့
ငါ့ရဲ့ ဆုံးဖြတ်ချက်တွေ ရဲရင့်ပြတ်သားလာတဲ့တစ်နေ့
ငါ လူအားလုံးကို တန်းတူမြင်နိုင်တဲ့တစ်နေ့
ငါ့ရဲ့ပေးဆပ်ခြင်းတွေ ကျယ်ပြန့်လာတဲ့တစ်နေ့
ငါ့ရဲ့ မာန်မာန၊ အတ္တတွေ ကင်းစင်သွားတဲ့တစ်နေ့
ငါ့ကို ချဉ်းကပ်ကြလိမ့်မယ်

အဲ့ဒီအခါ ...
ငါ ကျေနပ် ကြည်နူးမယ် ...
ငါ ပျော်ရွှင် ၀မ်းမြောက်မယ်...


အဲ့ဒီအခါ
ငါ ပူးပေါင်းညီညွတ်မှုတွေနဲ့
လောကကြီးကို အလှဆင်မယ်...
တိုတောင်းတဲ့ ငါ့ ဘ၀ခရီးတစ်ခုမှာ
အဓိပ္ပါယ်ရှိစွာ ရှင်သန်နိုင်ဖို့ အတွက်ပေါ့..

“နယ်မြေသစ် တစ်ခု”




နယ်မြေသစ်တစ်ခုသို့
ပျံသန်းခွင့်ရရှိတဲ့
နေ့ရက်တစ်ခုဆီတုန်းကတော့
မိုးလုံးပြည့်စိတ်ကူးတွေနဲ့
ငါ့မှာ...ရင်ခုန်ပျော်ရွှင်လိုက်ရတာ.....။

တိတ်ဆိတ်တည်ငြိမ်တဲ့ အိပ်ခန်းဆောင်တွေမှာ
ပင်ပန်းမှုတွေမရှိဘူး လို့
ငါ...ထင်ခဲ့တယ်.....။

ခံ့ညားခိုင်ကျည်တဲ့ အထပ်မြင့်အိမ်အတုမှာ
အတိတ်တွေမေ့ထားနိုင်မယ် လို့
ငါ...ထင်ခဲ့တယ်.....။

သေသပ်သစ်လွင်တဲ့ ခေတ်မီမြို့အသစ်တစ်ခုမှာ
အပြုံးတုတွေမပွင့်ဘူး လို့
ငါ...ထင်ခဲ့တယ်......။

ငါဟာ...အကောင်းမြင်စိတ်တွေချည်းရွေးချယ်ဝတ်ဆင်လို့
ကမ္ဘာသစ်တစ်ခုဆီချီတက်ခဲ့......။

ဆိုက်ရောက်ခဲ့ပါပြီ......

ငါ...မျှော်လင့်ခဲ့တဲ့ကမ္ဘာ
ငါ...မျှော်လင့်ခဲ့တဲ့မြို့
ခြေစုံရပ်မိတာနဲ့
မြေပြင်ကသိမ့်ကနဲတုန်
ငါ...ကြက်သီးဖြန်းဖြန်းထမိတယ်......။

ကြီးကျယ်ခမ်းနားတဲ့ အမြင်သစ်တွေကြား
ငါ့မှာ အားငယ်လိုက်ရတာ.....
ငါ့ဘေးနားမျက်ဝန်းသေတွေနဲ့ ဖြတ်သွားဖြတ်လာတွေ
လူတွေလား ဒါမှမဟုတ်
စက်ရုပ်တွေလား ဝေခွဲလို့မရ....

သေချာတာတွေကတော့

ဟောဒီမြို့မှာ...

မိဘမေတ္တာဆိုတာ မရှိဘူး
မွှေးပျံ့တဲ့ချစ်ခြင်းရနံ့ဆိုတာ မရှိဘူး
ပွင့်လင်းဖော်ရွေတဲ့သူငယ်ချင်းဆိုတာ မရှိဘူး
ငါနဲ့ ပတ်သက်သမျှဘာတစ်ခုမှမရှိတော့တဲ့
ငါ့ရဲ့ပြင်ပ.....။

အထီးကျန်ဆန်ခြင်းက ကြိုဆိုတယ်
ထိတ်လန့်စိုးရွံ့ခြင်းက ကြိုဆိုတယ်
ဘာသာစကားအခက်အခဲက ကြိုဆိုတယ်။

ငါ့အတွက်...

Globalization ဆိုတဲ့ ဆေးတစ်ခွက်ကလဲ
ဆန္ဒနဲ့အာသီသတွေကို ရာခိုင်နှုန်းပြည့်
မဖြည့်နိုင်တော့.......။

သွေးသားအပြည့် အိမ်လွမ်းစိတ်

အတွေးစိတ်ကူးအပြည့် အိမ်လွမ်းစိတ်

၂၄နာရီအပြည့် အိမ်လွမ်းစိတ်

မြန်မာ့အနံ့အသက်တွေကို ဆာလောင်သမျှ

ငါ...ဘာမှမတတ်နိုင်ခဲ့ဘူး။

အဲ့ဒီအိမ်လွမ်းစိတ်တွေပေါ့ ......... ။

“အဝေးတစ်နေရာက အလွမ်း”

ေ၀၀ါးတဲ့ အနာဂတ်ကို
ဇွတ်ဖန်တီးဖို့ စိတ်ကူးမိတဲ့ ညတွေဆို
ခပ်ပါးပါး မျက်ရည်တွေ ကျလာတတ်တယ် မေမေ...။
ဒါပေမယ့် သား မပူပါဘူး
သားဖုန်းဆက်ရင် ကြားခွင့်ရမယ့် မေမေ့အသံကြောင့်
သားရဲ့အနာဂတ်တွေ ပြန်လည်လင်းလက်လာနိုင်လိမ့်မယ်။

အနေအထိုင် မဆင်ခြင်တဲ့ မေမေ့သား
ခဏခဏ ဖျားတတ်တယ်လေ...။

နေမကောင်းရင် အားငယ်တတ်တဲ့ ကောင်လေး
မနက်မနက်ဆို
မေမေ့မျက်နှာကို အရင်ဆုံးမြင်ချင်မိပေမယ့်
မျက်ရည်တွေနဲ့ပဲ မိုးလင်းခဲ့ရတာပါ မေမေ...

သားမကျွမ်းကျင်တဲ့ ခပ်ရှုပ်ရှုပ်မြို့ပြမှာ
အိမ်မှာကုပ်ပြီး စာတွေ ရေးနေခဲ့တာ
မေမေ့ကိုလွမ်းတဲ့ အလွမ်းတွေ
သက်သာစေမလားလို့ပါ...

ည... ညဆို
မေမေများလားလို့ သားက
ယောင်... ယောင်ပြီး
အတူတူအိပ်တဲ့ နေဗိုလ်လေးတို့ အောင်သင်း တို့ရဲ့မျက်နှာကို လိုက်စမ်းမိတဲ့အခါ
အစောကြီး ထရတဲ့ သူတို့တွေက စိတ်ဆိုးတယ်လေ
အိပ်ရေးပျက်လို့တဲ့ မေမေရယ်...။

အလုပ်အဆင်မပြေလို့ အိမ်ပြန်ချင်စိတ်တွေ
ဖြစ်လာခဲ့ရင်လည်း “အလုပ်ကြိုးစားလုပ်” ဆိုတဲ့ မေမေ့အသံက
သားအရမ်းခင်တွယ်ရတဲ့ မွေးရပ်မြေကိုတောင်
ဥပေက္ခာပြုနိုင်ဖို့ အားအင်တွေဖြစ်စေခဲ့တယ်လေ...။

အတိတ်တွင်လည်းမေမေ
ပစ္စုပ္ပန်မှာလည်း မေမေ
အနာဂတ် အတွက်လည်း မေမေ
သားဘ၀ရဲ့ နံပါတ်တိုင်းကို နေရာလပ် မရှိအောင်
လွှမ်းမိုးနိုင်သူဟာလည်း မေမေပါ............။

“အရှုံးကိုမလိုချင်ခဲ့သူ”



ကိုယ့်ကိုကိုယ် ကာကွယ်ရင်းနဲ့
သူများကို သံသယထားတတ်လာတယ်

အမြဲတမ်း
ပြောင်းလဲနိုင်တဲ့သဘောကို
စိတ်ထဲအမြဲထည့်ထားရင်း
အရာရာကို ပေါ့ပျက်ပျက် ခံစားတတ်လာတယ်

ခံစားချက်တိုင်းကို ဖော့လို့
ခံစားမှုတွေကို
လစ်လျှူရှုတတ်လာတယ်

နာမှာကြောက်တတ်သူပီပီ
သူများပြောင်းလဲချိန်မှာ
ကိုယ်ပြောင်းလဲနိုင်ဖို့
အဆင်သင့်ပြင်တတ်ခဲ့တယ်

ကိုယ့်ကိုကိုယ်သိပ်ချစ်တတ်သူတစ်ယောက်အဖြစ်
အားလုံးက သတ်မှတ်လိမ့်မယ်

အရာရာဟာ
အရေးမကြီးခဲ့ဘူး
မဖြစ်နိုင်ဘူးဆိုတာမရှိဘူးလေ
ကိုယ့်စိတ်ကိုယ်ပိုင်
ကိုယ်လမ်းကိုယ်ရွေးနိုင်ရမှာပေါ့

နောက်ကြောင်းပြန်လှည့်မကြည့်နဲ့
ကိုယ့်အတ္တအတိုင်းပဲ
ရှိစေတော့မယ်

အတိတ်ကိုလည်း မလွမ်းချင်ဘူး
အနာဂတ်ကိုလည်း တွေးမပူချင်ဘူး
အရှိကို အရှိအတိုင်း
ငါ .. ရိုးရိုးလေးပဲနေကြည့်မယ်

“ဒီတစ်ညရဲ့ ဂွကျကျအတွေး”

တချို့ကပြောကြတယ် .. ငါကတော့သူ့အပေါ်ကောင်းလိုက်ရတာ ..
သူကျတော့ ဆိုတာမျိုး .. ဒါဆိုသူ့အပေါ်မှာကိုယ်ကမျှော်လင့်ထားလို့ပေါ့ ..
ဒါဆိုကိုယ်ကသူ့အပေါ် စေတနာသန့်သန့်နဲ့ကောင်းခဲ့တာပါ ဆိုတာ .....က ရော............??

တချို့စကားတွေကို မြန်မာလိုပြောနေပေမယ့်နားမလည်တာတွေက များတယ် .. အပေါ်ကစာသားလိုပေါ့ ..

ကိုယ်ကသူပြန်ကောင်းဖို့ကောင်းနေတာ ၊ ကောင်းပြနေတာလား ..
ဒါကိုဘယ်သူက ဘယ်လောက်ရာခိုင်နှုန်းနဲ့ တိတိကျကျဝေခွဲပြနိုင်မလဲ ..
မလိမ်မညာပဲနဲ့ပေါ့ ..

စေတနာဆိုတာ ရောင်ပြန်ဟပ်တယ် ..
ရောင်ပြန်ဟပ်မယ့်စေတနာတွေအတွက် ကိုယ့်စေတနာတွေကို အရင်းအနှီးပြုလိုက်တာလား .. (ဒီညတော့ ဂွကျကျ တွေးပြီး ရေးပြီပဲ .. :D)

ကိုယ်တိုင်ဖြစ်ဘူးတော့သိသလိုပဲ ..
သိသလိုပဲရှိသေးတော့ သေချာတယ် မပြောနိုင်သေးပြန်ဘူး ..

မေတ္တာတရားထားတာ မေတ္တာထားတတ်တာ လူချစ်လူခင်ပေါတယ် ..
မေတ္တာထားနိုင်တာ အကောင်းဆုံးပါပဲ ..
ဒါပေမယ့် ဖြူစင်သင့်တယ် သန့်ရှင်းနေသင့်တယ် ..
ကိုယ့်အကျိုးစီးပွားကို လိုလားတဲ့ မေတ္တာမျိုး မဖြစ်သင့်ဘူး ..
ငါဒါလေးပေးလိုက်ရင် သူ့ဆီက ဒါတော့ ပြန်ရမှာပဲဆိုတဲ့ အတွေးမျိုးပေါ့ ..(ဒါကစီးပွားဆန်သွားပြီထင်တယ် .. )

ငယ်ငယ်တုန်းကတော့ ရူးချာချာနဲ့ အကုန်လျှောက်လုပ်ဖူးတယ် ..
ရီလည်းရီရတယ် .. ခုကျတော့ ရီစရာပေါ့..
အချိန်က လူကို ရင့်ကျက်စေတယ် ..
ခုတော့ ပေါချာချာ အလုပ်တွေ မလုပ်မိအောင် ကြိုးစားနေတယ် ..
ဒါတောင် တချက်တချက် .............................။

ဘာတစ်ခုမှ ရယူပိုင်ဆိုင်ချင်စိတ်မရှိတော့ရင်
ပိုင်ဆိုင်ချင်စရာ မကောင်းတော့ရင် ကမ္ဘာကြီး ငြိမ်းချမ်းနေမလား ..
မက်မောစရာတွေ ရှိနေလို့ပဲ လူတွေ ပူလောင်နေကြတာလား ..
အပူဆိုတာ ကိုယ်တိုင်ရှာတာထင်ပါရဲ့ ..


တခါတခါ စိတ်က လူနောက်ကို လိုက် ..
တခါတခါ လူက စိတ်နောက်ကို လိုက် ..
ဟူးးးးးးးးးး
.............................................................................
............................................................................

ပူပြင်းတဲ့ နေဟာ
မေတ္တာတရားကြောင့်
အေးမြခြင်း အသွင် ပြောင်းသတဲ့
ဖတ်ဖူးသမျှ
စာသားတွေက
လှတယ်

စိတ်ကူးတွေ ယဉ်ကြ
မျှော်လင့်ချက်တွေ ပျိုးကြ
ကိုယ်ဆီ အိပ်မက်တွေ မက်လို့
တိမ်တွေပေါ်လည်း
ပန်းချီတွေ ဆွဲလား ဆွဲရဲ့
ငါတို့ အိပ်မက် ကမ္ဘာမှာ
အိပ်မက်ပန်းတွေ ပွင့်တယ်

“အိပ်မက်ဟာ အိပ်မက်ပါ”
နိုးထချိန်မှာတော့
အိပ်မက်ဟာ
ရေတစ်ပွက်စာတောင်
မြင်ခွင့် မရခဲ့ဘူး.............။

“လောကဓံ”
နာမည်ကိုက ခါးသက်ချင်စရာ..........။

“ဘယ်လိုတွေးမလဲ”
အိပ်မက်နဲ့ လက်တွေ့
အလှမ်းကွာဝေးလွန်းပုံကို................။

“ဘယ်သူ့ကို အပြစ်တင်မလဲ”
တရားခံက နောက်ဆုံးတော့
ကိုယ်တိုင်ပါပဲ....................။

ဝဋ်ကြွေးမှန်သမျှ
ကျေအောင် ဆပ်ကြရမယ်ဆို
ခုကြွေးရှင်တွေ
ဘယ်တော့ ပြန်ဆပ်ရမလဲ.......။



ဒီ...ဘ...ဝ...နဲ့...ပဲ
ကျေ...အောင်...ဆပ်...ပါ...ရ...စေ.....။

“ဒီမနက်ခင်း”

ဒီမနက်ခင်း......


ဒီလိုရာသီဥတုမျိုးပေါ့
ကျွန်တော် မုန်းတာ

စိုစွတ်စွတ် အုံ့မှိုင်းမှိုင်း
သစ်ပင်စိမ်းတွေပါ ငိုက်မြည်းလို့
မလန်းဆန်းကြဘူးတဲ့ ..


ညနေခင်း မိုးရွာတာကို ကြိုက်ပေမယ့် ခုလို မနက်စောစောမှာ မိုးနံ့တွေ ရနေတတ်တာကို ဒီနေ့အတွက် မနှစ်သက်မိဘူး .. ကိုယ် နိုးထလာချိန်မှာ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ အားလုံးက မှုန်ကုတ်ကုတ် .. မပွင့်တပွင့်နဲ့ ..
တချို့ကျတော့လည်း နှစ်ခြိုက်စွာ အိပ်မောကျလို့ .. မနာလိုပါဘူး ..


************

ညဘက် တရေးနိုးချိန် ဖုန်းကို သတိတရ ကြည့်လိုက်မိတော့
မချိုမချဉ်နဲ့ ကိုယ့်ပြန်ကြည့်နေတဲ့ ကိုယ့်ပုံကို တွေ့တယ် ..
စိတ်ရှုပ်ရှုပ်နဲ့ ကာတွန်းပုံ ပြန်ပြောင်းလိုက်တယ် ..
နာရီကို ကြည့်တော့ ၅ နာရီခွဲ ..
မျက်လုံးကလည်း ကြည်လို့ .. အိပ်ရာက ထရင်ကောင်းမလား စဉ်းစားပေမယ့်
အချိန်ကို အကျိုးရှိအောင် အသုံးချချင်စိတ်ကြောင့်
အတင်းစွတ်မှိတ်ပြီး ပြန်အိပ်လိုက်တယ်....:D

မမျှော်နဲ့ မမျှော်နဲ့ .. ခုလောက်ဆို “ချမ်းချမ်း” က အိပ်လို့ ကောင်းတုန်းပဲ နေမှာ .. နိုးရင်ရော .. သတိရနေပါ့မလားးးးးးး

မတွေးပဲ ခေါင်းထဲရောက်လာတဲ့ အကြောင်းတွေကိုလဲ ခေါင်းကိုခါပြီး ဖယ်ထုတ်လိုက်တယ် ..



အလန်းသံကတော့ တတီတီနဲ့ အချက်ပေးနေပါပြီ ..
ခုနက ထလိုက်မိကောင်းသား ..
ခုနက ကြည်နေတဲ့ အမြင်တွေလည်း ပြန်လည် နောက်ကျိလို့ ..
ရောဂါက စပြီ .. အပျင်းရောဂါ ..
ဘယ်ခလုတ်တွေ ဘယ်လိုနှိပ်မိတယ် မသိဘူး .. အသံက ထထမြည်တာ မပြီးနိုင် ..
နှိပ်ရော နှိပ်မိရဲ့လားမသိ ..
နာရီကြည့်လိုက် ပြန်အိပ်လိုက်နဲ့ ၁၆ ခါလောက် လုပ်အပြီးမှာ ၁၀နာရီက ခွဲနေပြီ ..
နောက်ဆုံးမိနစ်မှာ လူးလဲ ထလိုက်တယ် ..


မဆီမဆိုင် အိပ်မက်ထဲမှာ လူစုံတက်စုံ ထည့်မက်တာကို သတိရသွားသေးတယ် ..
ဘာတွေဘယ်လို မက်တယ်တော့ စဉ်းစား မရတော့ ..
ပြန်သတိရအောင် ပြန်အိပ်လိုက်ရကောင်းမလား ....:D


အစ်ကိုဖြစ်သူ အခန်းထဲဝင်လာမှ အတင်း ကုန်းရုန်းထ ..
ရေချိုးခန်းဘက်ပြေး ..
အားလုံးပြင်ဆင်ပြီးချိန်မှာ ၁၁နာရီထိုးဖို့ မိနစ်အနည်းငယ်သာ လိုတော့တယ် ..
သွားရပြန်ဦးမယ် .. တွေ့ရပြန်ဦးမယ် ..

“ထွက်ခါနီး ဘုရားစင်ရှေ့ထိုင် .. တတ်တာလေးတွေ ရွတ်ပြီး မေတ္တာပို့” ..

အိမ်တံခါးကိုဖွင့် နေ့ရက်သစ်တခုကို အစပြု ..
အလုပ်ကိုသွားရာလမ်းတလျှောက် လမ်းကစိုတိုတိုမို့ စိတ်ကချဉ်ချဉ်နဲ့ လမ်းကိုပဲ မျက်စောင်းပစ်ထိုးလိုက်တယ် ..


လမ်းမှာအမြဲတွေ့နေကျ လေ့ကျင့်ခန်းလုပ်နေတဲ့လူတွေကလည်း
ထုံးစံအတိုင်း ဟိုဘက်လျှောက် ဒီဘက်လျှောက် ..
တစ်ချို့လူတွေကို ကြည့်ရတာလည်း မလန်း မဆန်း .. ငိုက်မြည်းနေကြတယ် ..

စိတ်က ဟိုရောက် ဒီရောက် ..
ရာသီဥတုကြီးကလည်း ခံစားလို့မရလိုက်တာ ..
စိုစွတ်စွတ် အုံ့မှိုင်းမှိုင်း ..
ငါမလွမ်းချင်ပါဘူးဆိုမှ ..း(


.............................................
............................................

ကိုယ့်ခရီး ကိုယ်လျှောက်ရင်း
ကိုယ်သွားတဲ့ လမ်း
မှန်ဖို့ပဲ အာရုံစိုက်တယ်

လမ်းမှားရင် နောက်ပြန်လှည့်မယ်
လမ်းမှန်ရင် ရှေ့ဆက်လျှောက်မယ်
ဒါ ဘယ်သူ့ ပရောဂမှ မပါဘူး

ကိုယ့်ရပ်တည်မှုအတွက်
ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိမယ်
ကိုယ့်လုပ်ရပ်နဲ့
ကိုယ့်သမိုင်းကို လောင်းကြေးထပ်တယ်

ကိုယ့်သမိုင်း ကိုယ်ရေးကြသူချည်းပဲ
ကိုယ့်အတိတ်ဖြစ်မယ့် အရောင်ကို
ကိုယ်တိုင် ဆေးခြယ်ချင်တယ်

ဇာတ်လမ်း အဆုံးမှာ
အဖြေ တခုတော့ ရှိလိမ့်မယ် .........။

“ငါ့ဘဝရဲ့ ပန်းတိုင်”

ငါရောက်ရှိလာချိန်မှာ
မပြည့်စုံခြင်းကပဲ
အေးစက်စွာ ဆီးကြိုပွေ့ဖက်ခဲ့ ...
ကမ္ဘာမြေကတော့ ( ငါ့အတွက် )
နေရာတစ်နေရာကလွဲလို့
ဘာကိုမှမခင်းကျင်းပေးလိုက်ဘူး ... ။

လက်တစ်ဘက်ကို ခေါင်းအုံးရင်း
သေဆုံးသွားရတဲ့ ခါးသက်သက်ညများ ...
ကြယ်စုံတဲ့ ကောင်းကင်လဲ
( ငါ့အတွက် )ဘယ်တုန်းကမှ မလှပခဲ့ဘူး ... ။

ငါ...
ဆာလောင်မှုအထပ်ထပ်နဲ့
မျှော်လင့်ချက်မဲ့ နေ့တွေထဲ
မပြိုလဲသွားအောင် အခါခါအားတင်းခဲ့ရ ... ။

ငါ့မှာ ခဲတံနဲ့ စာအုပ်မရှိပေမယ့်
ထက်သန်တဲ့စိတ်ဓာတ်ရှိတယ် ။

ငါ့မှာ စီးစရာဖိနပ်မရှိပေမယ့်
မတွန့်ဆုတ်တဲ့ ခြေလှမ်းတွေရှိတယ် ။

ငါ့မှာ အပန်းဖြေစရာ ဘာတစ်ခုမှမရှိပေမယ့်
တန်ဖိုးရှိတဲ့ ဘဝအတွေ့အကြုံတွေရှိတယ် ။

တစ်နေ့ ...
ကြမ်းတမ်းလွန်းတဲ့ ငါ့ဘဝလမ်းတွေက
အမြင့်တစ်နေရာကို သယ်ဆောင်ပေးလိမ့်မယ် ... ။


တစ်နေ့ ...
ဗလာကျင်းနေတဲ့ ငါ့လက်တွေက
အောင်မြင်မှုတွေကို ဆုပ်ကိုင်နိုင်လိမ့်မယ် ။

တစ်နေ့ ...
မပြီးမြောက်သေးတဲ့ ငါ့အိပ်မက်တွေက
လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ် ... ။


ငါရောက်လာချိန်မှာ
ဒီကမ္ဘာမြေဟာ ငါ့အတွက်
ဘာတစ်ခုမှ မခင်းကျင်းပေးခဲ့ပေမဲ့
ကိုယ့်နေရာကိုယ် ခင်းကျင်းနိုင်တဲ့
အရည်အချင်းတစ်ခုကိုတော့
“ဘဝအစကတည်းက
သင်ပြပေးခဲ့တယ် ”... ။

“သစ္စာတရား”

ကံကြမ္မာရဲ့ သံသရာမှာ ဝေဒနာရဲ့ ရင်နာစရာ
အထီးကျန်ခြင်းရဲ့ အရိပ်အောက်မှာ
မျက်ရည်များနဲ့ နွမ်းလျက်သာ
အတိတ်ဘ၀ကံ ဘယ်လိုကြောင့်
ယခုဘ၀မှာ ဝေဒနာခံစားတာများရတာလည်း...
မမြင်နိုင်တဲံ့ အနာဂတ်ဟာ တွေးတောစရာအများကြီးပါ...
ဆန္ဒတွေက အလွမ်းသာ ဖြစ်လာရ
ဖြစ်ချင်ရာက အိပ်မက်သာ ရောက်လာရ
အထီးကျန်စွာနဲ့ ဘ၀အသည်း နာလာရ
ပြောပြချင်တာတွေက ဒိုင်ယာရီသာ ဖြစ်လာရ
သောကဝေဒနာတွေက ဒေါသတွေသာ ထွက်လာရ
သံသရာ တည်နေသမျှ အလွမ်းကဗျာသာ များလာရ
သြော်...ဖြစ်ချင်တာတွေက...အိမ်မက်တွေသာ ...ရောက်လာရပါလား.....။



အ လွမ်း တွေ နှင့် ပူ လောင် နေ တဲ့
ငါ့ နံ ဘေး မှာ
ဆောင်း လေ က ခုန် ပေါက် လို့..

အ မော တ ကော ဆွဲ ဖွင့် ခံ ရ တဲ့
ငါ့ မ နက် ခင်း တိုင်း မှာ
လန်း ဆန်း တက် ကြွ မှု တွေ ကျကွဲ လို့..

ဟောင်း နွမ်း နေ တဲ့ သက် ပြင်း တွေ ထဲ မှာ
မင်း အ ရိပ် တွေ
စာ နာ မှု ကင်း မဲ့ စွာ ကြီး စိုး နေ လို့....

သော က ပေါင်း စုံ က
ရောင် စုံ ည တွေ လို လှ ပ နေ လို့

မင်း နဲ့ ငါ့ ဘ ဝ
တစ် ထောင့် တစ် ည ပုံ ပြင်
ဖြစ် တော့ မယ် နဲ့ တူ ပါ ရဲ့ လေ

ကောင်မလေးရေ

ခ ရီး တစ် ၀က် နှင့် သ င်္ဘော ပျက် နေ တဲ့
တို့ နှစ် ယောက် မှာ
အ လွမ်း မုန် တိုင်း တွေ နှင့် စိတ် ထင် တိုင်း
မိတ် ဆွေ ဖွဲ့ ရုံ မှ တစ် ပါး
မင်း နဲ့ ငါ
သ စ္စာ တ ရား နှင့် ခရီး ဆက် ကြ မယ်။ ။