မိုးစက်တွေက ငါ့ဥယျာဉ်နဲ့ဝေးရာမှာ
ခပ်ဖွဲဖွဲလေး သွန်းဖြိုးနေတာ
ငါတကယ်မသိခဲ့လို့
" ဆုံနိုင်ခွင့် " ဆိုတဲ့
မျှော်လင့်ချက်လေး
ငါရင်ဝယ်ပိုက်ထွေးခဲ့မိတယ်
ချစ်သူအတွက်
အလှပဆုံးဖွင့်ဖူးပြချင်တာတောင်
ဖူးပွင့်ခွင့်မရှိတဲ့ ငါ့ယျာဉ်မှာ
ကောင်းကင်ထက်က
ရွာကျလာမယ့်
မသေမချမိုးစက်တွေကိုပဲ
မျှော်လင့်ချင်နေသူ
အဆင်မပြေမှုများစွာနဲ့
အံမ၀င်သေးတဲ့ဘ၀ထဲ
မျှော်လင့်ခြင်းဆိုတာ
သစ်ရွက်ကြွေသလို ဝေ့၀ဲကြွေလွင့်
အခုတော့....................
ငါ့မျက်ဝန်းထဲက
မျက်ရည်မိုးစက်တွေက
ရွာရန်ရာနှုန်းပြည့်တဲ့ ...................... :'(
No comments:
Post a Comment