Saturday, August 21, 2010

“နှစ်လုံးသားထဲက တစ်ယောက်သောသူ”

ချစ်သူ.......

မင်းနဲ့အတူသီကြူးခဲ့တဲ့
ချစ်သံဇဉ်တွေက
ငါ့နှလုံးသားဒိုင်ယာရီမှာ
မှတ်ကျောက်တင်ထားတဲ့
ဘယ်တော့မှ မဟောင်းတဲ့
ဂန၀င်ကဗျာလေးတစ်ပုဒ်ပေါ့ ။။။။။။။

ချစ်သူ.........

ချစ်တယ်ဆိုတာကိုနားမလည်သူ
တစ်ချို့ချို့တွေကြောင့်
တစ်ခါတစ်ခါမှာ အားငယ်နေမိတယ်လေ
ဒီအချိန်မှာ ချစ်သူ့အားပေးစကားက
အရာရာကိုရင်ဆိုင်နိုင်ဖို့
စွမ်းအားတွေပဲပေါ့ ။။။။။။။

ချစ်သူ.........

အတားအဆီးတွေရှိနေလဲ
အရာရာကိုမမှုတော့
အဝေးကြီးမှာရောက်နေလဲ
အချစ်များစွာနဲ့ရပ်စောင့်နေပါ့မယ်
ခွဲခွာချိန်ခဏကြုံနေရလည်း
သစ္စာတွေနဲ့ဒီရင်ထဲ
ထာဝရအမြဲ
နှလုံးသားထဲမှာ
" ကို " တစ်ယောက်ထဲ ။။။။။။။။။။။။။

No comments:

Post a Comment