Wednesday, August 18, 2010

“မပြောင်းလဲခြင်း”

အရမ်းချစ်တဲ့အကြောင်း
ကဗျာတွေစာတွေဖွဲ့ပြဖို့
စကားလုံးတွေပျောက်နေတယ် .......

သန်းပေါင်းများစွာသောလူတွေထဲမှာ
“ကို” နဲ့ချစ်ခွင့်ရတာ
ကံကြမ္မာရဲ့အကောင်းဆုံးဆုလာဒ်လို့မှတ်ယူမိတယ်......

“ကို” ရယ်.......စိတ်ချပါ

နှလုံးခုန်မရပ်သရွေ့
အသွေးအသားထဲမှာ
စီးဆင်းနေမယ့်ချစ်ခြင်းတွေ
“ချမ်းချမ်း” ရင်ဘတ်ထဲမှာမှတ်ပုံတင်ထားတယ်.........

အဲဒီချစ်ခြင်းတွေက သိပ်ချစ်ရတဲ့
“ကို့” တစ်ယောက်တည်းအတွက်ပါ
ဘယ်လိုအတားအဆီးတွေကာဆီးထားပါစေ
“ကို” သာလက်မလွှတ်ရင်
ဒီကလည်းပြေးထွက်မသွားပါဘူး........ ကိုရယ်..

No comments:

Post a Comment