Saturday, August 21, 2010

“အဆုံးသတ်စေဖို့”

ကို ........

ကို မရှိတဲ့အရပ်မှာ
ကို ပေးလိုက်တဲ့ အချစ်စိတ်နဲ့
နေ့သစ်တွေကို အသက်ဆက်ရင်း
အလွမ်းတွေအပြည့်သယ်ပိုးထားတဲ့
နှလုံးအိမ်ထဲမှာ မျှော်လင့်ခြင်းတွေက
သက်ရောက်မှုကော ရှိနိုင်ပါ့မလား

အလွမ်းတွေအဆက်မပြတ်
သတိရစိတ်တွေအထပ်ထပ်နဲ့
ဟိုးအဝေးကိုငေးရီလို့
ခပ်ဖျော့ဖျော့လရောင်အောက်မှာ
စိတ်ရှိတိုင်းလွမ်းမိလိုက်တော့
ညတာတွေပိုရှည်လျားသွားခဲ့တယ် ကို...

ဖြတ်သန်းရတဲ့နေ့ရက်တွေက
အေးသထက်အေးစက်လာတာ
ဒီလွမ်းဆွတ်ခြင်းတွေကို
အဆုံးသတ်စေဖို့
တတ်နိုင်သူဟာ
ဘယ်နေရာဘယ်ဒေသကလူလဲလို့တော့
မေးနေစရာမလိုပါဘူး ..........

No comments:

Post a Comment