Wednesday, August 18, 2010

“တရေးနိုးဆုတောင်း”

နိုင်ငံတွေ ခြားနေတဲ့ဘ၀နှစ်ခုမှာ
မသေချာတဲ့မနက်ဖြန်တွေက
မှိန်ပြပြဆုံနိုင်ခွင့်ဆိုတာကို
မျှော်လ့င်ချင်းမီးအိမ်လေးထွန်းလို့
ရှာနေမိတယ်....

အလွမ်းတွေကတော့ အနားမှာ
စက္ကန့်တိုင်းရှိနေတယ်
အလွမ်းရဲ့ထိုးနှက်မှုကြောင့်လဲ
အကြိမ်ကြိမ်ပြိုလဲခဲ့ရတယ်...

အိပ်စက်ခြင်းတွေ
အလွမ်းတွေလာဖျက်ဆီးလို့
အိပ်ပျက်ညတွေကို ဖန်တီးတယ်....
တရေးတစ်မှိတ်အိပ်ပျော်ခဲ့ချိန်မှာတောင်
တမ်းတခြင်းတွေကြောင့် အိပ်မက်ထဲထိရောက်လာတယ်

ဖျက်ခနဲလန့်နိုးမိတော့ ပါးပြင်မှာမျက်ရည်စတွေနဲ့
နှုတ်ခမ်းဖျားက တောင်းဆုလေးခြွေတယ်
ဘာရယ်တော့မဟုတ်ပါဘူး
" ကို " နဲ့ ဆုံနိုင်ခွင့်လေးရပါရစေ။ ။

No comments:

Post a Comment